သရေခေတ္တရာ ပျူခေတ် (အေဒီ ၄ ရာစု မှ ၉ ရာစု) အတွင်း တည်ထားခဲ့သော ဂူဘုရားတစ်ဆူဖြစ်သည်။
သရေခေတ္တရာမြို့ဟောင်းတွင် တွေ့ရသော ဂူဘုရားများအနက် တစ်ဆူတည်းသော မုခ်လေးမုခ်နှင့် ဘုရားဖြစ်သည်။
အတွင်းတိုက်ခန်း၏ အလယ်တည့်တည့်တွင် အူတိုင်ရှိပြီး ရှေးအခါက ယင်းအူတိုင်၏ မျက်နှာတွင် ဗုဒ္ဓရုပ်ပွားတော်ရုပ်လုံးကြွပုံ ဖော်ထားသည့် ကျောက်ချပ်များ ကပ်ထားသည်။
ယခုအခါ တောင်ဘက်နှင့် မြောက်ဘက် မျက်နှာရှိ ကျောက်ချပ်များကိုသာ တွေ့နိုင်တော့သည်။ တည်ထားခဲ့သော ခုနှစ်နှင့် ဘုရားဒါယကာများကို အတိအကျ မသိရှိရပေ။
ရှေးဟောင်းသုသေတန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်နေသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံမှ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် တင်သွင်းထားသော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးခုအနက် သရေခေတ္တရာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိသည်။
Post by Min Kzh
No comments:
Post a Comment