Friday, August 9, 2013

လက်ရှိကုမ္ပဏီမှာဘယ်လောက်ကြာအောင်လုပ်မှာလဲ


အင်မတန် အရသာကောင်းမွန်တဲ့ နတ်သုဒ္ဓါထဲမှာ မစင်တစ်ပဲသား ကျရောက်သွားရင် အဲဒီနတ်သုဒ္ဓါကို စားဦးမှာလား။

လက်ရှိကုမ္ပဏီမှာ တက်လမ်းရှိမယ်လို ယူဆလို့ ဆက်လုပ်ပြီဆိုရင်တော့ ကိုယ့်မှာရှိနေတဲ့ မာန်၊ မာန တွေကို ဖယ်ရှားလိုက်ပါ။ မာန်ဟာ စောစောက နတ်သုဒ္ဓါထဲကျနေတဲ့ မစင်နဲ့တူပါတယ်။

သင်ဟာ မည်မျှပင် ပညာတော်နေပါစေ။ ရုပ်ချောနေပါစေ။ ချမ်းသာနေပါစေ။ မာန်၊ မာန ရှိနေမယ်ဆိုရင် လူတိုင်းက သင့်ကို မစင်ပါသော နတ်သုဒ္ဓါကို ရှောင်သလို ရှောင်ကြပါလိမ့်မယ်။ လူတိုင်းကတော့ ကိုယ့်မှာ မာန်ရှိနေမှန်း ကိုယ့်ကိုယ်ကိုယ် သတိမထားမိကြပါဘူး။ ဘေးလူကသာ မြင်ရတာပါ။ အောင်မြင်ဖို့ ကြီးပွားဖို့ ကြိုးစားနေစဉ် လုပ်ငန်းခွင်ထဲမှာ အားလုံးနဲ့ သဟဇာတဖြစ်ဖို့ မာန်ကို ဖယ်ဖို့လိုပါတယ်။
လူတစ်ယောက် မာန်တတ်နေပြီဆိုရင် ဘေးကနေကြည့်ကြည့်ပါ မြင်သာပါတယ် လမ်းလျှောက်ပုံကအစ၊ စကားပြောပုံ၊ ဟန်းဖုန်းကို ဟန်ပါပါ ထုတ်ကိုင်လိုက်ပုံ၊ ကားပေါ်တက်ပုံ၊ ကားပေါ်ကဆင်းပုံ၊ ကော်ဖီသောက်ပုံ၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ဆက်ဆံပုံ၊ အထက်လူကြီး အပေါ် ဆက်ဆံပုံ အားလုံးအားလုံးမှာ ဒီမာန်တွေက မြင်သာနေပါတယ်။ ဒီအပြုအမူတွေ အားလုံးမှာ သတိထားပြီး မိမိကိုယ် နှိမ့်ချနိုင်မှ ဖြစ်မှာပါ။

အထူးသဖြင့် ရာထူးရခါစမှာ ပို သတိထားရပါတယ်။ ဒီရာထူးဟာ အချင်းချင်း ဖိနှိပ်ဖို့ပေးတာမဟုတ် အဖွဲ့အစည်း တစ်ခုလုံး ပိုမို တိုးတက်ဖို့ အများထက် ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်ဖို့သာ ပေးအပ်ခြင်းဖြစ်တယ်။ ရာထူးတစ်ဆင့်တိုးခြင်းဟာ ဖနောင့် အောက်မှာ သံချွန်ထည့်ပေးလိုက်တာ မဟုတ် ပုခုံးပေါ်ကို အလေး တစ်ခု တင်ပေးလိုက်တာ ဖြစ်တယ်။ မြောက်ကြွစရာ မဟုတ် ကိုင်းညွတ်စရာဖြစ်တယ် ဆိုတာတွေကို သတိအမြဲထားနေရပါမယ်။ ငါမှ ငါ ဆိုတာကို လျှော့ရမှာ ဖြစ်ပါတယ်။
မာန်တည်းဟူတေသာ ငါးခုံးမသည် Teamwork တည်းဟူသော လှေကြီးထဲရှိ ငါးများအားလုံးကို ပုပ်စေသည်။
မိမိ ပညာဘယ်လောက် တော်တော် မိမိထက်တော်သူတွေ တစ်ပုံကြီးရှိတယ်ဆိုတာ သတိရပါ။
ရုပ် ဘယ်လောက်ချောချော ကိုယ့်ထက်ချောတဲ့သူတွေ တစ်ပုံကြီး၊
ကိုယ့်ထက် ချမ်းသာသူတွေတောင် ကိုယ့်ထက်အရင် သေကုန်ပါပြီဆိုတာ မမေ့ပါနှင့်။
ကျေးဇူးပြု၍ …
ဘယ်သောအခါမှ …
မာန်…
မတက်ပါနှင့်။
ကျေးဇူးတင်ပါသည်။

..............................................................................................................................................






“ဟာ ဦးလေး။ ဘာလို့ ဒီအသက်ရွယ်ထိ ဆိုက်ကားနင်းစားနေရတာလဲဗျာ။ ဦးလေး အလုပ်ကိုကြိုးစားပြီးမလုပ်ခဲ့ဘူးလား”

ဒီတော့ဦးလေးကြီးက ဘာပြန်ပြောမယ်ထင်လဲ။

“ဟ ကြိုးစားတာပေါ့ င့ါတူရာ။ ငါမနက်၎နာရီကတည်းက ထပြီး ဈေးသွားဈေးပြန်တွေကို ကြိုတယ်ပို့တယ်။ ငါက သူတို့ စိတ်ချမ်းသာအောင် ပြောတတ်တယ်လေ။ ချိုချိုသာသာပေါ့ကွာ။ သူတို့ ပစ္စည်း အလေးအပင်တွေကိုလည်း ငါ ကူသယ်ဝိုင်းမတယ်။ ဒီတော့ တချို့ဆို ငါမဟုတ်ရင် မစီးဘူး ဟေဟေး။ တချို့ဆို ငါ့ လပေးတောင်စီးတာ။ ငွေကြိုပေးထားတယ်လေ။ ယုံလို့ပေါ့ကွ။ ငါက ညဆို ၁ဝနာရီလောက်ထိ ဆွဲတယ်လေ။ အုံနာကလည်း ငါ့ဆို ယုံတယ်။ ငါက ဆေးလိပ်ဆွေ ကွမ်းတွေ ဆေးတွေ အရက်တို့ မိန်းမတို့ နောက် လောင်းကစားတွေဘာတွေ ဘာမှ လုပ်ဘူး။ ဒီတော့ အုံနာက အုံနာကြေးကို အများနည်းတူပဲယူတယ်။ သူက ဘာပြောလဲ သိလား။ မင်းခြေနဲ့မင်း အညောင်းခံနိုင်လို့ နင်းတာ ငါက ပိုယူစရာလားတဲ့ မင်းပဲပိုသုံးပါကွာတဲ့။ ငါ့မိသားစုလည်း ငါကြိုးစားတော့ စိတ်ချမ်းသာတာပေါ့ကွာ…”

သူကြိုးစားခဲ့ပါတယ်။ အရမ်းကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဘာမှားနေပါသလဲ။ “ရွေးချယ်မှု” မှားနေခဲ့ပါတယ်။ သူဟာ သူတတ်နိုင်တဲ့ ဘောင်ထဲကပဲ ကြိုးစားတယ်။ ဒီဘောင်ကိုချဲ့ဖို့ ပြောင်းပစ်ဖို့ မစွန့်စားဘူး။ ဒီတော့သူဟာ ဆိုက်ကားဆရာထဲမှာ အကြိုးစားဆုံးဖြစ်နေတော့တာပေါ့။ သူက ဒါကိုရွေးချယ်ခဲ့တာ့ကိုး။
ဒီဥပမာကို ကြည့်ပြီး တိုးတက်ချင်တဲ့ တိုးတက်မှ ဖြစ်မယ့် လူငယ်တွေလည်း “ကြိုးစားမှု” “ရွေးချယ်မှု” မှန်ကန်စွာနဲ့ လှေနံနှစ်ဘက်လုံးကို မျှလှော်ခတ်နိုင်ကြပါစေ။ ကဲ … လက်ရှိကုမ္ပဏီမှာ ဘယ်လောက်ကြာကြာလုပ်မှာလဲ

No comments:

Post a Comment