Wednesday, August 7, 2013

https://www.facebook.com/SriKsetraHeritageZone

သရေခေတ္တရာမြို့ဟောင်းသို့ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းရေးဗဟိုကော်မတီမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
(၂၀၁၃-ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်)

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းထားသော သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်း ပျူမြို့ဟောင်း(၃)မြို့အနက်တစ်ခုအပါအ၀င်ဖြစ်သည့် သရေခေတ္တရာမြို့ဟောင်းရှိ ယဉ်ကျေးမှုအမွေအနှစ်နေရာများ တည်ရှိနေမှုနှင့် ကာကွယ်ထိန်းသိမ်းထားရှိမှုများအား ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။ ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းရေးဗဟိုကော်မတီမှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများပူးပေါင်းခဲ့ပြီး၊ သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ ရှေးဟောင်းသုတေသနဆိုင်ရာ အထင်ကရနေရာများနှင့် သီရိခေတ္တရာရှေးဟောင်းသုသေတနပြတိုက်(မှော်ဇာ) တို့အား သွားရောက်လေ့လာ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဓိကအားဖြင့် သရေခေတ္တရာမြို့ဟောင်းရှိ ရှေးဟောင်းနေရာများအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းခြင်းလုပ်ငန်းအတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

No comments:

Post a Comment