Tuesday, August 6, 2013

နှစ်ပေါင်း(၁၀၀၀)ကျော်ကပျူခေတ်လက်ရာ ဗုဒ္ဓကျောက်ပလ္လင်တော်ကြီး.

၁၉၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် သရေခေတတ္တရာမြို့ဟောင်း၏တောင်ဘက် ဆင်မကိုဝန်တင်ကုန်းမှ တူးဖော်ရရှိခဲ့ပါတယ်။ ကျောက်ပလ္လင်ကြီးသည် မပျက်ဆီးမီက ပုံစံအတိုင်းရှိခဲ့ပြီး ကျောက်ပလ္လင်၏ အ၀န်းမှာ (၂၉)ပေနှင့် (၁၀)လက်မ၊ အချင်း (၉)ပေနှင့် (၆)လက်မ၊ အမြင့် (၂)ပေနှင့် (၄)လက်မ ရှိသည်။ ၁၉၂၅-၂၆ ခုနှစ်က တူးဖော်ခဲ့ရာတွင် ယခုပြသထားသည့် ပုံစံအတိုင်း ၄ စိတ်ကွဲနေသော ပလ္လင်ကိုသာ တူးဖော်ရရှိခဲ့ပါသည်။ အေဒီ (၄)ရာစု မှ (၉)ရာစု အတွင်း၌ ထုဆစ်ထားသော ပျူခေတ် ကျောက်ဆစ်လက်ရာ သဲကျောက်ပလ္လင်တစ်ခုဖြစ်သည်။ ကျောက်ပလ္လင်၏အောက်ခြေပတ်လည်တွင် ပန်းခက်ပန်းနွယ်များအား အကွက်အလိုက် သေသပ်လှပစွာ ပုံဖော်ထားသည်။ ပျူယဉ်ကျေးမှုကို ခေတ်ပြိုင် တရုတ်ရှေးဟောင်းသမိုင်းမှတ်တမ်းများအနက် အေဒီ (၈၆၄)တွင် သမိုင်းပညာရှင် ဖန်ချော့ ရေးသားပြုစုခဲ့ပြီး အခန်း (၁၀)ခန်းပါဝင်သည့် မန်ချူကျမ်း (Man Chu (or) Man Shu (or) နန်စော) နိုင်ငံ၏ သမိုင်းဦးဆောင်ကျမ်း အခန်း (၁၀)တွင် ပျူနိုင်ငံ (မြို့တော်သည်) အရိုင်းတို့၏ ယွန်းချန်းမြို့ (Yung Chang) ၏ တောင်ဘက် ခရီးထောက် ခုနှစ်ဆယ့်ငါးရက်အကွာတွင် ရှိသည်။ ထိုနိုင်ငံတွင် ငွေဒင်္ဂါးကို သုံးကြသည်။ ညိုမဲရောင်အုတ်ဖြင့် စက်ဝိုင်းပုံမြို့ရိုးကို တည်ဆောက်သည်။ မြို့တံခါးပေါက် (၁၂)ခုရှိသည်။ ဘုရင့်နန်းတော်ရှေ့တွင် ရုပ်ပွားတော် (၁)ဆူရှိသည်။ လဟာပြင်တွင် တင်ပြင်ခွေ ထိုင်တော်မူသည်။ ဥာဏ်တော် ပေပေါင်း (၁၀၀)ကျော်ရှိ၏ အမွှေးအကြိုင်ကို မီးရှို့စေပြီး အမှားအမှန်ကို စဉ်းစားဆင်ခြင်စေသည်။ ထို့နောက် နှစ်ဦးနှစ်ဘက် နောက်ဆုတ်သွားတော့သည်။ ကပ်ရောဂါကျရောက်သည့်အခါနှင့် တိုင်းရေးပြည်မှု မအေးချမ်းမငြိမ်သက်သောအခါ ဘုရင်မင်းမြတ်သည် ရုပ်ပွားတော်ရှေ့မှောက်၌ အမွှေးအကြိုင်ကို မီးရှို့စေပြီး မိမိကိုယ်ကို အပြစ်တင်၍ မိမိမှားယွင်းကြောင်း ၀န်ခံသည်ဟု ပါရှိသည်။
Photos: 3

No comments:

Post a Comment