Wednesday, August 21, 2013

ငါတို့အတွက်ရော မှန်တယ်မလား ချစ်သူ...

ရေမြေတွေ ဘယ်လောက်ခြားနေပါစေ...
ငါ့ရင်ထဲမှာ နင်တစ်ယောက်တည်းပဲရှိတယ်
ဆိုတာနင်သိထားရင် ကျေနပ်ပါပြီ...

မိုင်တွေဘယ်လောက်ခြားနေပါစေ...
ယုံကြည်မှုနဲ့ သစ္စာတရားရင်ထဲမှာအမြဲ
တန်ဖိုးထားပေးနေရင် ရပါပြီ...

ချစ်ကြတဲ့လူနှစ်ဦးမှာအကွာဝေးဆိုတာ
ကြောက်ဖို့မကောင်းပါဘူး...
ပေါင်းစပ်ထားတဲ့နှလုံးသားလေးနှစ်ခု
ဝေးသွားမှာကိုပဲ ကြောက်ဖို့ကောင်းတာပါ...

အခုချိန်မှာ တစ်ယောက်တစ်နေရာစီဘယ်လိုပဲ
ရပ်တည်နေကြပါစေ...
တစ်နေ့ဆိုတာရောက်ခဲ့ရင် တစ်မိုးအောက်မှာ
အတူရှိနေရရင် ကျေနပ်ပါပြီ...

ခဏလေးခွဲနေရတာ တစ်ဘ၀လုံးအတူတူနေရ
ဖို့အတွက်ဆိုတာ ချစ်သူတိုင်းနားလည်ကြပါစေ...




Phoe Phyu

No comments:

Post a Comment