AUNG MYINT THAN
Friday, August 23, 2013
Sri Ksetra Heritage Zone
{{ တာရာဒေ၀ီနတ်သမီးနှင့် အခြွေအရံများ }}
Credit to >> http://
တာရာဒေ၀ီနတ်သမီးနှင့် အခြွေအရံများကျောက်ချပ်ကို သရေခေတ္တရာ မြို့ဟောင်း၏ အနောက်ဘက်၊ ရွှေတံခါးမြို့ဝင်ပေါက်အနီးရ
တာရာဒေ၀ီနတ်သည် ဘုရားလောင်း အလောကိတေသွာရ၏ ကြင်ရာတော်
ဖြစ်သည်။ “တာရာဒေ၀ီ” ဟု အမည်တွင်ရခြင်းမှာ သံသရာတစ်ဘက်ကမ်းကို အရောက်ပို့နိုင်သော အစွမ်းသတ္တိရှိသောကြောင့်ဟု ဆိုသည်။ တာရာဒေ၀ီနတ်သမီးသည် နွဲ့နှောင်းသော ကိုယ်ဟန်ရှိပြီးလည်ဆွဲ၊ နားကပ်၊ လက်စည်း၊ ခါးစည်း တို့ကို ဆင်ယင်ထားသည်။ နတ်သမီးသည် လက်ယာ လက်ကို အောက်သို့ချပြီး လက်ဝဲလက်ကို အထက်သို့ မြှောက်ထားသည်။
လက်ဝဲလက်အတွင်း၌ လှံတံနှင့်တူသော အရာဝတ္ထုကို ကိုင်ဆောင် ထားသည်။ နတ်သမီးရုပ်ကြွ၏ လက်ဝဲဘက်တွင် တစ်ယောက်၊ လက်ယာဘက်တွင် တစ်ယောက် အခြွေအရံနှစ်ယောက်ရှိသည်။ ၄င်းရုပ်ကြွ၏ လက်ဝဲဘက်တွင် တစ်ယောက်၊ လက်ယာဘက်တွင် တစ်ယောက် အခြွေအရံနှစ်ယောက်ရှိသည်။
၎င်းရုပ်ကြွ၏အောက်ဘက်တွင် ဒူးတုတ်နေသော တင်းပုတ်ကိုင်ထားသည့် အခြွေအရံဘီလူးမ ခြောက်ဦးပါရှိသည်။ မဟာယာဉ်ဂိုဏ်းဆိုင်ရာရုပ်တု
Credit to >> http://
Sri Ksetra Heritage Zone
{{ ဗောဓိသတ္တဘုရားလောင်းရုပ်ကြွ }}
Credit To >> http:// sriksetraheritagezone.wordp ress.com/
၁၉၂၆-ခုနှစ်တွင် သရေခေတ္တရာမြို့ဟောင်းအတွင်း မှ
တူးဖော်ရရှိသည်။ အလျား (၆)နှင့် (၃)လက်၊ အနံ (၄)ပေနှင့် (၂)လက်မ၊ အမြင့်
(၁)ပေနှင့် (၄)လက်မ ရှိပြီး အပိုင်းပိုင်းပြတ်နေသည်။
ပျူခေတ်လက်ရာတစ်ခုဖြစ်ပြီး အေဒီ (၄)ရာစုမှ (၉)ရာစုအတွင်းတွင် ထုဆစ်ထားခြင်း
ဖြစ်သည်။
မဟာယာဉ်ဂိုဏ်းဆိုင်ရာ ဗောဓိသတ္တဘုရားလောင်းရုပ်တု အပိုင်းအစဖြစ်သည်။ သဲကျောက်ဖြင့် ထုဆစ်၍ ရုပ်ကြွဖော်ထားသော ပျူခေတ်လက်ရာဖြစ်ပြီး ရုပ်ကြွသည် အပိုင်းပိုင်းပြတ်နေသည်။ ဗောဓိသတ္တ ဘုရားလောင်းသည် စုလစ်များတပ်ဆင်ထားသော လိုဏ်အတွင်းရှိ ပလ္လင်ပေါ်၌ ညာဒူးကို ထောင်၍ ဘယ်ခြေကို တွဲလဲချလျက်ထိုင်နေသည်။ ဘယ်လက်ကို ဘယ်ဒူးပေါ်တွင် တင်ထားသည်။ ညာဘက်လက်သည် ပျောက်ဆုံးနေပြီး၊ ဘုရားလောင်းသည် မကိုဋ်၊ လက်စည်း၊ ခြေကျင်း စသည်တို့ အပြည့်အစုံ ဆင်မြန်းထားသည်ကို တွေ့ရသည်။ ဘေး၌ အခြွေအရံ (၂)ဦးပါရှိ၍ အောက်ဘက်တွင် တင်းပုတ်ကိုင်ကာစောင့်ရှောက် နေသော နတ်ဘီလူးအစောင့် (၄)ဦးကို တွေ့ရှိရသည်။
သရေခေတ္တရာခေတ်ဦးပိုင်းတွင် မဟာယာဉ်ဂိုဏ်းဗုဒ္ဓဘာသာသည် ထေရ၀ါဒဂိုဏ်းဗုဒ္ဓဘာသာနှင့် ယဉ်ပြိုင်ထွန်းကားခဲ့ကြောင်းတွေ့ရသည်။
မဟာယာဉ်ဂိုဏ်းသည် ခရစ်နှစ် (၁)ရာစုတွင် အိန္ဒိယပြည်၌ စတင်ပေါ်ပေါက်
လာခဲ့ပြီး၊ ၄င်း၏ ထူးခြားသောဝါဒမှာ ဘုရားလောင်းဗောဓိသတ္တ၀ါဒဖြစ် သည်။ ၄င်းဝါဒအရ လူတိုင်းတွင် ဗောဓိသတ္တဘုရားလောင်းဖြစ်နို င်သော စွမ်းရည်သတ္တိရှိကြောင်း ယုံကြည်ခြင်းဖြစ်၏။ ဂရုဏာ၊ မေတ္တာတရားကို ရင်ဝယ်ပိုက်လျှက် ဗောဓိသတ္တဘုရားလောင်းများသည်
လောကတွင် ရှိရှိသမျှ ဝေနေယျသတ္တ၀ါများအား နိဗ္ဗာန်သို့ ပို့ဆောင်ပေးရန်
တာဝန်ရှိသည်ဟုဆို၏။ ယင်းတာဝန်မပြီးမချင်း လောကကို စောင့်ရှောက်လျှက်
ရှိသည်ဟု ဆိုသည်။ ဗောဓိသတ္တဘုရားလောင်း ရုပ်တုတော်တို့တွင် သျှောင်ထုံးတော်၌
စေတီငယ်တစ်ဆူကို တွေ့ရှိရသည်။ ဤအချက်ကိုထောက်၍ ဆင်းတုတော်သည်
သင်္ကန်းပင်ရုံထားသော်လည်း ဘုရားရုပ်ပွားတော် မဟုတ်ပဲ
ဘုရားအလောင်းရုပ်ပွားတော်ဖြ စ်ကြောင်း နားလည်ရသည်။
Credit To >> http:// sriksetraheritagezone.wordp ress.com/
Credit To >> http://
၁၉၂၆-ခုနှစ်တွင် သရေခေတ္တရာမြို့ဟောင်းအတွင်း
မဟာယာဉ်ဂိုဏ်းဆိုင်ရာ ဗောဓိသတ္တဘုရားလောင်းရုပ်တု အပိုင်းအစဖြစ်သည်။ သဲကျောက်ဖြင့် ထုဆစ်၍ ရုပ်ကြွဖော်ထားသော ပျူခေတ်လက်ရာဖြစ်ပြီး ရုပ်ကြွသည် အပိုင်းပိုင်းပြတ်နေသည်။ ဗောဓိသတ္တ ဘုရားလောင်းသည် စုလစ်များတပ်ဆင်ထားသော လိုဏ်အတွင်းရှိ ပလ္လင်ပေါ်၌ ညာဒူးကို ထောင်၍ ဘယ်ခြေကို တွဲလဲချလျက်ထိုင်နေသည်။ ဘယ်လက်ကို ဘယ်ဒူးပေါ်တွင် တင်ထားသည်။ ညာဘက်လက်သည် ပျောက်ဆုံးနေပြီး၊ ဘုရားလောင်းသည် မကိုဋ်၊ လက်စည်း၊ ခြေကျင်း စသည်တို့ အပြည့်အစုံ ဆင်မြန်းထားသည်ကို တွေ့ရသည်။ ဘေး၌ အခြွေအရံ (၂)ဦးပါရှိ၍ အောက်ဘက်တွင် တင်းပုတ်ကိုင်ကာစောင့်ရှောက
သရေခေတ္တရာခေတ်ဦးပိုင်းတွင်
Credit To >> http://
Sri Ksetra Heritage Zone
သီဟ၀ိကြမမင်း၏ ကျောက်အရိုးအိုး
Credit to >> http://
၁၉၁၁-၁၂ ခုနှစ်တွင် ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ ဘုရားကြီး စေတီတော်၏ တောင်ဘက် ကိုက်(၂၀၀)ခန့်အကွာမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ အမြင့် (၂)ပေနှင့် (၁)လက်မ၊ လုံးပတ် (၅)ပေနှင့် (၃)လက်မ၊ ထု (၄)လက်မ ရှိ အေဒီ (၇၁၈) ခန့်က ပျူခေတ်လက်ရာ ကျောက်အရိုးအိုး တစ်လုံးဖြစ်ပါတယ်။
သရေခေတ္တရာ ပျူလူမျိုးတို့၏ ထုံးတမ်းဓလေ့အရ အသုံးပြုခဲ့သော အသုံးအဆောင်တစ်ခုဖြစ်ပြီး သဲကျောက်ဖြင့်ပြုလုပ် ထားသော ကျောက်ဆစ်လက်ရာ တစ်ခုဖြစ်ပါတယ်။ အိုး၏ လုံးပတ်ပေါ်တွင် ပျူဘာသာဖြင့် ကမ္ပည်းထိုးထားပါတယ်။
ဘာသာပြန်ဆိုချက်
ယင်းပျူစာများကို ဒေါက်တာစီအိုဗလက်ဒင်က ဘာသာပြန်သောအခါ “ ၈၀ ပြည့်နှစ် ၊ ၂ လ ၊ ၄ ရက်နေ့တွင် ၊ သီဟ၀ိတြမမင်း ၊ နတ်ရွာစံသည် ၊ သက်တော် ၄၄ နှစ် ၊ ၉ လ နှင့် ၂၀ ရက် ” ဟု သီဟ၀ိကြမမင်း နတ်ရွာစံသည့် ခုနှစ်၊ လ၊ ရက် တို့ကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြေ
ခရစ်သက္ကရာဇ်သို့ ပြောင်းလဲတွက်ချက်ခြင်း
ယင်းပျူအရိုးအိုးများရှိ ကမ္ပည်းစာများကို ရှေးဦးဖတ်ရှုသူ ဒေါက်တာဗလက်ဒင်သည် သူရိယ၀ိကြမမင်း၏ နတ်ရွာစံသောနှစ်ကို ခရစ်သက္ကရာဇ် ၆၈၈ စသည်ဖြင့် မြန်မာသက္ကရာဇ်ကို အခြေခံကာ ပြောင်းလဲပေးခဲ့သည်။ ပြောင်းလဲပုံမှာ သကနှစ်သည် ခရစ်နှစ်ထက် ၇၈ ခု ငယ်၏။ သကနှစ်ကို ခရစ်နှစ်သို့ ပြောင်းလဲလိုလျှင် ၇၈ ခု ထပ်ပေါင်းရသည်။ သကနှစ်ကို ရှာရန်ရောက်ဆဲ ကောဇာနှစ်ကို ဖြိုထားသော ခဆ ပဉ္စကိန်း ၅၆၀ ကို ထပ်ပေါင်းရသည်။ ဒေါက်တာဗလက်ဒင်သည် ပျူအရိုးအိုး များရှိ ဂဏန်းအမှတ်အသားများကို ကောဇာနှစ်ဖြစ်သည်ဟူကား မဆိုခဲ့ပေ။ သို့သော် အဆင်ပြေမှုအတွက် (၅၆၀ + ၇၈ + ၆၃၈) ကို ယူကာ ပျူအရိုးအိုးများရှိ ခုနှစ်များကို ပေါင်း၍ ခရစ်သက္ကရာဇ်များသို့ ပြောင်းလဲပေးခဲ့ခြင်းဖြစ်သည
Credit to >> http://
Sri Ksetra Heritage Zone
နှစ်ပေါင်း(၁၅၀၀)ခန့်က ဗုဒ္ဓသာသနာထွန်းကားရာ သရေခေတ္တရာမြို့တော်ဟောင်းမှ ဌာနတိုက်ဖုံး ကျောက်ပြား (ခ)
Credit To >> www.http:// sriksetraheritagezone.wordp ress.com/
ပြည်မြို့၊ မှော်ဇာကျေးရွာအုပ်စု၊ ကုလားကန်ရွာ၏ အနောက်တောင်ဘက် (၃)ဖာလုံးခန့်အကွား၊ သရေခေတ္တရာရှေးဟောင်းမြို့၏ တောင်ဘက်ရှိ ဦးခင်ဘပိုင်ဆိုင်သော ယာမြေအတွင်းမှ တူးဖော်ရှိသည်။ ၁၉၂၆-၂၇ ခုနှစ်အတွင်းမှ တူးဖော်ရရှိခြင်းဖြစ်ပြီး၊ အေဒီ (၆)ရာစုခန့်မှ ပျူခေတ်လက်ရာ ပျူခေတ်လက်ရာ ကျောက်ဆစ်လက်ရာတစ်ခု ဖြစ်သည်။ အတိုင်းအတာမှာ အလျား (၅)ပေနှင့် (၈)လက်မ၊ အနံ (၄)ပေနှင့် (၇)လက်မ၊ အထူ (၅)လက်မ ရှိသည့် သဲကျောက်ပြားတစ်ချပ်ဖြစ်သည် ။
သဲကျောက်ဖြင့် ပြုလုပ်ထားသည့် ကျောက်ဆစ်လက်ရာ ကျောက်ပြားကြီးပေါ်တွင် အကြွဖော်ထားသော ဌာပနာတိုက်ဖုံးတစ်ချပ်ဖြစ်သ ည်။ ထိုကျောက်ချပ်ပေါ်တွင်အကြွဖော်ထားသည့်
စေတီပုံသဏ္ဍာန်သည် မြန်မာနိုင်ငံတွင် တွေ့ရှိရသမျှ စေတီများအနက်
ရှေးအကျဆုံးစေတီ ပုံသဏ္ဍာန်ဖြစ်သည်။ မှောက်ထားသော ပေါင်းချောင်သဏ္ဍာန် ရှိပြီး၊
ပေါင်းချောင်အပေါ်တွင် ဟာမိက (ခေါ်) ဓါတ်တော်တိုက် ရှိသည်။
ဓါတ်တော်တိုက်အပေါ်တွင် အရွက် (၅)ဆင့်ရှိသော ဆတ္တ၀လီ (ခ) ထီးတော်ကို
စိုက်ထူထားသည်။ စေတီပုံ၏ အောက်ခြေတွင် မုခ်ပေါက် (၅)ခုအတွင်း၌
ဈာနမုဒြာဟန်ဖြင့် စံပယ်တော်မူနေသော ဘုရား (၅)ဆူကို ဖူးတွေ့နိုင်ပါသည်။
၎င်းဘုရား (၅)ဆူမှာ ပွင့်တော်မူပြီးကုန်သော ဘုရား(၄)ဆူနှင့် ဘဒ္ဒကမ္ဘာ၌ နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရား (၁)ဆူအား ရည်ရွယ်၍ ထုလုပ်ပူဇော်ထားသည်။ စေတီ၏ဘေး၌ ဗြဟ္မာက ဘုရားရှင်အား ထီးမိုးပေးထားပြီး၊ ဘေးနှစ်ဘက်၌ အောင်တံခွန်များ ပါရှိသည်။ စေတီ၏ လက်ယာဘက်၌ “နေ” ပုံသဏ္ဍာန်ပါရှိပြီး၊ လက်ဝဲဘက်၌ “လ” ပုံသဏ္ဍာန် ပါရှိသည်။ ယင်းကျောက်ချပ်ရှိ စေတီတော်ပုံစံသည် အိန္ဒိယပြည်၊ ဆာနတ်အရပ်ရှိအသောကမင်းကြီး၏ ကောင်းမှုတော်ဆံချီစေတီစေတော်ပုံစံမှ
ပြောင်းလဲလာခြင်းဖြစ်သည်။ သရေခေတ္တရာ မြို့ဟောင်း အပြင်ဘက်ရှိ
ဘောဘောကြီးစေတီ၊ ဘုရားကြီးစေတီနှင့် ဘုရားမာစေတီ တို့၏ ပုံစံမှာလည်း
ဤကျောက်ချပ်ရှိ စေတီပုံစံမှ ပြောင်းလဲ လာခြင်းဖြစ်သည်ဟု ယုံကြည်နိုင်သည်။
Credit To >> www.http:// sriksetraheritagezone.wordp ress.com/
Credit To >> www.http://
ပြည်မြို့၊ မှော်ဇာကျေးရွာအုပ်စု၊ ကုလားကန်ရွာ၏ အနောက်တောင်ဘက် (၃)ဖာလုံးခန့်အကွား၊ သရေခေတ္တရာရှေးဟောင်းမြို့၏ တောင်ဘက်ရှိ ဦးခင်ဘပိုင်ဆိုင်သော ယာမြေအတွင်းမှ တူးဖော်ရှိသည်။ ၁၉၂၆-၂၇ ခုနှစ်အတွင်းမှ တူးဖော်ရရှိခြင်းဖြစ်ပြီး၊ အေဒီ (၆)ရာစုခန့်မှ ပျူခေတ်လက်ရာ ပျူခေတ်လက်ရာ ကျောက်ဆစ်လက်ရာတစ်ခု ဖြစ်သည်။ အတိုင်းအတာမှာ အလျား (၅)ပေနှင့် (၈)လက်မ၊ အနံ (၄)ပေနှင့် (၇)လက်မ၊ အထူ (၅)လက်မ ရှိသည့် သဲကျောက်ပြားတစ်ချပ်ဖြစ်သည်
သဲကျောက်ဖြင့် ပြုလုပ်ထားသည့် ကျောက်ဆစ်လက်ရာ ကျောက်ပြားကြီးပေါ်တွင် အကြွဖော်ထားသော ဌာပနာတိုက်ဖုံးတစ်ချပ်ဖြစ်သ
၎င်းဘုရား (၅)ဆူမှာ ပွင့်တော်မူပြီးကုန်သော ဘုရား(၄)ဆူနှင့် ဘဒ္ဒကမ္ဘာ၌ နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရား (၁)ဆူအား ရည်ရွယ်၍ ထုလုပ်ပူဇော်ထားသည်။ စေတီ၏ဘေး၌ ဗြဟ္မာက ဘုရားရှင်အား ထီးမိုးပေးထားပြီး၊ ဘေးနှစ်ဘက်၌ အောင်တံခွန်များ ပါရှိသည်။ စေတီ၏ လက်ယာဘက်၌ “နေ” ပုံသဏ္ဍာန်ပါရှိပြီး၊ လက်ဝဲဘက်၌ “လ” ပုံသဏ္ဍာန် ပါရှိသည်။ ယင်းကျောက်ချပ်ရှိ စေတီတော်ပုံစံသည် အိန္ဒိယပြည်၊ ဆာနတ်အရပ်ရှိအသောကမင်းကြီး၏
Credit To >> www.http://
Sri Ksetra Heritage Zone
The Great Silver Reliquary of Sri Ksetra:
With the inscriptions of Names of Buddhas in Present Kalpa (Earth/World)_ at the feet of the Disciples (Names of the disciples) _ around the foot rim with the Names of Royal Donars; Gyi Pya Bhuvamana Sri Pya Bhu Devi. A passage had been omitted from the fifth excerpt (Fourteen Buddhananas from Patisambhidamagga) of Golden Pali Text of Plates were continuously written on foot rim Great Silver Reliquary. Therefore Both of them are equally dated and ascribed to the Oldest Pali Inscription surviving in the World.
Credit To >>
Win Kyaing - U
Principle
Field School of Archaeology (Pyay)
With the inscriptions of Names of Buddhas in Present Kalpa (Earth/World)_ at the feet of the Disciples (Names of the disciples) _ around the foot rim with the Names of Royal Donars; Gyi Pya Bhuvamana Sri Pya Bhu Devi. A passage had been omitted from the fifth excerpt (Fourteen Buddhananas from Patisambhidamagga) of Golden Pali Text of Plates were continuously written on foot rim Great Silver Reliquary. Therefore Both of them are equally dated and ascribed to the Oldest Pali Inscription surviving in the World.
Credit To >>
Win Kyaing - U
Principle
Field School of Archaeology (Pyay)
Sri Ksetra Heritage Zone
G.I.S team explored and made geographical surveyed around the Sri Ksetra Heritage Zone to collect data. (6-11-2012 to 5-12-2012)
Subscribe to:
Posts (Atom)